ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 34:8-17 Judson Bible (BJB)

8. မတရားသဖြင့်ကျင့်သော သူတို့နှင့်ပေါင်းဘော်၍၊ လူဆိုးတို့နှင့် သွားလာတတ်၏။

9. လူသည်ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုးမရှိဟု ယောဘသည် ဆိုမိပြီ။

10. သို့ဖြစ်၍ ဥာဏ်ကောင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ဒုစရိုက်သည် ဘုရားသခင်နှင့်၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။

11. လူပြုသောအမှု၏အကျိုးအပြစ်ကို ပေးတော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့် အထိုက်အလျောက် ခံစေတော်မူမည်။

12. အကယ်စင်စစ် ဘုရားသခင်သည် ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ။

13. မြေကြီးကို ဘုရားသခင်၌ အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူစီရင်ပြုပြင်သနည်း။

14. ဘုရားသခင်သည် လူကိုအလိုတော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူလျှင်၊

15. ခပ်သိမ်းသောလူသတ္တဝါတို့သည် ချက်ခြင်းသေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။

16. ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင်ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။

17. တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 34