ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 34:32-37 Judson Bible (BJB)

32. အကျွန်ုပ်နားမလည်သောအရာကို သွန်သင်တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန်မပြုဘဲနေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော။

33. သင်သည် ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည်ဖြစ်စေ၊ သင်၏အလိုသို့သာဘုရားသခင်လိုက်၍၊ အလိုတော်သို့မလိုက်ဘဲ အကျိုးအပြစ်ကို ပေးတော်မူရမည်လော။ သို့ဖြစ်လျှင် နားလည်သည်အတိုင်း ပြောပါ။

34. ဥာဏ်ကောင်းသော သူတို့သည် စကားပြောပါစေ။ ပညာရှိသော သူတို့သည် ငါ့စကားကို နားထောင်ပါစေ။

35. ယောဘသည် နားမလည်ဘဲပြောမိပြီ။ သူပြောသောစကားသည် ပညာစကားမဟုတ်။

36. ယောဘသည် မတရားသောသူကဲ့သို့ ပြန်ပြောတတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါအလိုရှိ၏။

37. ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင်ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု မြွက်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 34