ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 34:16-29 Judson Bible (BJB)

16. ယခုမှာသင်သည် ဥာဏ်ရှိသည်ဖြစ်၍ ဆင်ခြင်ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။

17. တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။

18. သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့်သလော။

19. ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ်သောသူကိုသာ၍ အားနာတော်မမူသော ဘုရားသခင်ကို မဆိုသင့်သည် မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။

20. တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ်ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူမျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။

21. အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရားသခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။

22. မတရားသဖြင့် ကျင့်သောသူ၏ပုန်းရှောင်ရာ မှောင်မိုက်၊ သေမင်းအရိပ်တစုံတခုမျှမရှိ။

23. ဘုရားသခင့်ရှေ့တော်၌ လူသည်တရားတွေ့သောအခါ၊ အထပ်ထပ်စစ်ကြောတော်မူစရာ အကြောင်းမရှိ။

24. အားကြီးသောသူတို့ကိုပင် မစစ်ကြောဘဲချိုးဖျက်၍၊ သူတို့အရာ၌ အခြားသောသူကို ခန့်ထားတော်မူ၏။

25. သို့ဖြစ်၍ သူတို့ပြုသမျှကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍ ဖျက်ဆီးတော်မူ၏။

26. သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့မှာ ဒဏ်ခတ်တော်မူ၏။

27. အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ ပြုတော်မူသောအမှုတို့ကို အလျှင်းမဆင်ခြင်ကြ။

28. ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကိုကြားတော်မူရ၏။

29. ဘုရားသခင်သည် ချမ်းသာပေးတော်မူလျှင် အဘယ်သူနှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုးလုံးဖြစ်စေ၊ တယောက်တည်းဖြစ်စေ၊ အဘယ်သူသည် မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 34