ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 33:21-32 Judson Bible (BJB)

21. အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင်ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။

22. အသက်ဝိညာဉ်သည် သင်္ချၖိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။

23. သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ်သောတမန်ရှိလျှင်၊

24. ဘုရားသခင်က၊ သင်္ချၖိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊

25. ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ ပျိုသောအသက်နှင့် တဖန်ပြည့်စုံလိမ့်မည်။

26. ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။

27. သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သောတရားကို မှောက်ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊

28. သင်္ချၖိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်။

29. ထိုသို့ဘုရားသခင်သည် လူတို့၌ ရံခါရံခါစီရင်တော်မူသဖြင့်၊

30. သင်္ချၖိုင်းတွင်းမှနှုတ်ယူ၍၊ အသက်ရှင်သောသူတို့၏အလင်းနှင့် လင်းစေတော်မူ၏။

31. အိုယောဘ၊ ငါ့စကားကို သတိနှင့် နားထောင်လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။

32. သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 33