18. သူ၏အသက်ကို သင်္ချၖိုင်းတွင်းမှ ကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်မူ၏။
19. လူသည် အိပ်ရာပေါ်မှာနာခြင်းဝေဒနာကို ခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊
20. မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။
21. အသားအရေပိန်လျော့ ကွယ်ပျောက်၍၊ မထင်ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏။
22. အသက်ဝိညာဉ်သည် သင်္ချၖိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ။
23. သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ်သောတမန်ရှိလျှင်၊