ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 32:18-22 Judson Bible (BJB)

18. ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်းဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။

19. ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ ဖြစ်၏။

20. ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကိုဖွင့်၍ ပြန်ပြောရမည်။

21. အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ်သူကိုမျှ ချီးမွမ်းသော စကားနှင့် မချော့မော့။

22. သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသောဘုရားသည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 32