22. ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုးကျိုးပါစေ။
23. ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံဘဲနေပါပြီ။
24. ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊
25. ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊
26. ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊
27. ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာနူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော်၎င်း၊
28. ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။
29. ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
30. ငါသည် သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။