3. လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်၎င်း လိုက်၍စစ်တတ်၏။
4. တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။
5. မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။
6. သူ၏ကျောက်တို့သည် ကျောက်နီ နေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။
7. အဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင်သေးသောလမ်းရှိ၏။
8. ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မရှောက်သေး။
9. လူသည်ကျောက်ပေါ်မှာ လက်တင်၍၊ တောင်တို့ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။
10. ကျောက်တို့တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသောအရာရှိသမျှတို့ကို ကြည့်မြင်တတ်၏။
11. စီးသောရေကို တဖန်ဖြတ်၍၊ ဝှက်ထားသောအရာတို့ကို ထုတ်ဘော်တတ်၏။
12. သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိမ့်မည်နည်း။ ဥာဏ်သည်လည်း အဘယ်အရပ်၌ နေသနည်း။
13. ဥာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင်သောသူတို့၏ နေရာ၌ ရှာ၍မတွေ့နိုင်။