ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 28:1-6 Judson Bible (BJB)

1. ငွေလိုက်သောငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ်သော ရွှေနေရာလည်းရှိ၏။

2. သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကိုချက်၍ ကြေးနီကို ရတတ်၏။

3. လူသည် မှောင်မိုက်ကို ပျောက်စေတတ်၏။ အဆုံးတိုင်အောင်၎င်း မှောင်မိုက်ကျောက်၊ သေမင်းအရိပ်တိုင်အောင်၎င်း လိုက်၍စစ်တတ်၏။

4. တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်ဘဲဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။

5. မြေသည်စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြင့်ပျက်သကဲ့သို့ အပျက်ခံရ၏။

6. သူ၏ကျောက်တို့သည် ကျောက်နီ နေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 28