ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 27:10-16 Judson Bible (BJB)

10. ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌနာပြုလိမ့်မည်လော။

11. ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာတို့ကို ငါထိမ်ဝှက်၍မထား။

12. သင်တို့သည်ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။

13. လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလပ်၊ ညှဉ်းဆဲတတ်သောသူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှခံရသော အမွေဥစ္စာဟူမူကား၊

14. သူ၏သားသမီးများပြားသော်လည်း ထားစာဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။

15. သူ၌ကျန်ကြွင်းသောသူတို့ကို သေမင်းသင်္ဂြိုဟ်လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြုရကြ။

16. သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 27