ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 22:1-8 Judson Bible (BJB)

1. တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊

2. လူသည် မိမိပညာအားဖြင့် မိမိအကျိုးကိုပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။

3. သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွါးရှိတော်မူသလော။

4. သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမပေးတော်မူမည်လော။ သင်နှင့် တရားတွေ့တော်မူမည်လော။

5. သင်ပြုသောဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။

6. သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကိုလည်း ချွတ်ယူပြီ။

7. မောသောသူသောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။

8. အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသောသူသည် နေရသောအခွင့်ကိုရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 22