ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 21:18-25 Judson Bible (BJB)

18. သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက်သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊

19. ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊

20. ကိုယ်ပျက်စီးခြင်းကို ကိုယ်မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။

21. သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ဆိုင်သနည်း။

22. မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည်နည်း။

23. တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံလျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။

24. သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်းခြင်ဆီနှင့် စိုစွတ်ကြ၏။

25. တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 21