ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 20:6-17 Judson Bible (BJB)

6. သူ၏ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊

7. မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကိုမြင်ဘူးသော သူတို့က၊ ထိုသူသည်အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။

8. သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။

9. သူ့ကိုမြင်ဘူးသောမျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက်တဖန်သူ့ကိုမမြင်ရ။

10. သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။

11. သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန်နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရကြလိမ့်မည်။

12. သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊

13. နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော်လည်း၊

14. စားပြီးလျှင်သူ၏ ဝမ်းထဲမှာသဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။

15. သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့်မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။

16. သူသည် မြွေဆိုးအဆိပ်အတောက်ကိုစို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။

17. အသွယ်သွယ်သောမြစ်၊ နို့နှင့် ပျားရည်စီးသောမြစ်တို့ကို မမြင်ရ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 20