ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 20:20-29 Judson Bible (BJB)

20. လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိသော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။

21. သူလုယူချင်သော လောဘလက်နှင့် အဘယ်အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။

22. ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။

23. သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဘို့ အမျက်တော်မိုဃ်းကို ရွာစေတော်မူမည်။

24. သံလက်နက်ကိုရှောင်၍ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။

25. မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲကထွက်လာ၏။ အရောင်တောက် သောထားသည် သူ၏သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက်နေရ၏။

26. ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထားလျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့်မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင်လိမ့်မည်။

27. မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။

28. သူ၏အိမ်၌ရှိသော ဥစ္စာသည် ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။

29. ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုးအားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရားသခင်ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 20