ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 18:1-11 Judson Bible (BJB)

1. တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊

2. ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။

3. သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။

4. အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။

5. အကယ်စင်စစ်ဆိုးသောသူ၏အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။

6. သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။

7. ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။

8. ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။

9. ဂိုင်းပြုတ်၍ ခြေကိုမိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။

10. မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။

11. ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 18