ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 17:3-14 Judson Bible (BJB)

3. အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစ္စာထားမည်နည်း။

4. ကိုယ်တော်သည် သူတို့ဥာဏ်ကို ကွယ်စေတော်မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။

5. အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကိုအပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။

6. ငါ့ကို သူတပါးကဲ့ရဲ့စရာအကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။

7. ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိမှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။

8. ဖြောင့်မတ်သောသူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သောသူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော်ကြလိမ့်မည်။

9. ဖြောင့်မတ်သောသူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်းရှိကြလိမ့်မည်။

10. သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါမတွေ့နိုင်။

11. ငါ့နေ့ရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံအစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။

12. ညဉ့်သည် ငါ၌နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မိုက်နှင့် နီးစပ်၏။

13. သင်္ချၖိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့်၏။ ငါ့အိပ်ရာသည် မှောင်မိုက်၌ ခင်းလျက်ရှိ၏။

14. ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍၎င်း ငါဆိုရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 17