16. ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက်ရှိ၏။
17. သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသောပဌနာသည် သန့်ရှင်း၏။
18. အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
19. ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ်မှာ ရှိ၏။
20. ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည်ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
21. လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။