ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 13:4-18 Judson Bible (BJB)

4. သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။

5. သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။

6. ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးေနွးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။

7. သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။

8. မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။

9. သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။

10. သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကိုထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။

11. သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။

12. သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့်ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။

13. တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။

14. သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ်နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက်လျက် ဆောင်သွားမည်။

15. ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။

16. ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်းဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။

17. ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက်ထားချက်ကို နားထောင်ကြလော့။

18. ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်းထင်ရှားမည်ဟု ငါသိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 13