ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ယောဘဝတ္တု။ 11:5-16 Judson Bible (BJB)

5. ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။

6. နက်နဲသောပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည်အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။

7. သင်သည် ဘုရားသခင်၏ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ဇာတိကိုစစ်၍ အကုန်အစင် နားလည်နိုင်သလော။

8. မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။

9. အတိုင်းအရှည်သည်မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။

10. ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။

11. ဘုရားသခင်သည် ဆိုးသောသူတို့၏သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသောဒုစရိုက်ကို သိမြင်တော်မူ၏။

12. သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။

13. သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊

14. သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊

15. အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကိုပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်။

16. ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ယောဘဝတ္တု။ 11