ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မြည်​တမ်း​စ​ကား 3:1-15 Judson Bible (BJB)

1. ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။

2. ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ ပို့ဆောင်တော်မူ၏။

3. အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။

4. ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။

5. ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။

6. သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။

7. ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။

8. ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။

9. ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။

10. ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ်တော်မူ၏။

11. ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။

12. လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။

13. မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်းစေတော်မူ၏။

14. ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။

15. ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူးစေတော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မြည်​တမ်း​စ​ကား 3