ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မိက္ခာ 5:10-15 Judson Bible (BJB)

10. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။

11. သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။

12. သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။

13. ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ။

14. အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။

15. ငါ့စကားကို နားမထောင်သော တပါးအမျိုးသားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မိက္ခာ 5