ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မိက္ခာ 2:4-8 Judson Bible (BJB)

4. ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရသော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန်တော်မူပြီ။

5. ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။

6. ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။

7. ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတားခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။

8. ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ ရှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ်ကို လုယူတတ်ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မိက္ခာ 2