ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မာ​လ​ခိ 3:11-18 Judson Bible (BJB)

11. ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီး ရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

12. လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိ သောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ ပြည်သည် လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

13. သင်တို့သည် ငါ့တဘက်၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်တဘက်၌ အဘယ်သို့ ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား။

14. ထာဝရဘုရား၏အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။

15. မာနထောင်လွှားသောသူတို့ကို မင်္ဂလာရှိသော သူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစ ရိုက်ကိုပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ် စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရ တတ်ကြ၏ဟု သင်တို့သည် ပြောကြပြီ။

16. ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သော သူ တို့သည် တယောက်ကိုတယောက် နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြား တော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သောသူတို့အဘို့၊ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။

17. ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင် ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အက၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။

18. တဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ် သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော် ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မာ​လ​ခိ 3