ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မာ​လ​ခိ 2:1-12 Judson Bible (BJB)

1. အို ယဇ်ပုရောဟိတ်တို့၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား၊

2. ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။

3. သင်တို့မျိုးစေ့ကို ငါဖျက်မည်။ တိရစ္ဆာန်ချေး တည်းဟူသော သင်တို့ ဓမ္မပွဲ၏တိရစ္ဆာန်ချေးကို သင်တို့ မျက်နှာပေါ်၌ ငါကြဲမည်။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည်။

4. ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

5. ငါဖွဲ့သော အသက်ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်း ပဋိညာဉ်သည် ထိုအမျိုး၌ ရှိ၏။ ငါ့ကို ကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။

6. ထိုအမျိုးသည် သစ္စာတရားစကားကို ပြောတတ် ၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါနှင့်အတူ သွားလာ၍၊ များစွာသော သူတို့ကို ဒုစရိုက်အပြစ်မှလွှဲရှောင်စေတတ် ၏။

7. ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။

8. သင်တို့မူကား၊ လမ်းလွှဲကြပြီ။ လူများတို့သည် တရားတော်ကို ထိမိ၍ လဲစေခြင်းငှါ ပြုကြပြီ။ လေဝိ အမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။

9. သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ကို မလိုက်၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့်၊ လူ ခပ်သိမ်းတို့သည် သင်တို့ကို မထီမဲ့မြင်ပြု၍ ရှုတ်ချစေခြင်း ငှါ ငါစီရင်မည်။

10. ခပ်သိမ်းသော ငါတို့၌ တပါးတည်းသော အဘ ရှိသည်မဟုတ်လော။ တပါးတည်းသော ဘုရားသခင် သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။ ဘိုး ဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကို ရှုတ်ချ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက်ကိုတယောက် သစ္စာ ဖျက်ကြသနည်း။

11. ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည် သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သော အမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရားချစ်တော်မူသော သန့်ရှင်းခြင်းတရားတော်ကို ရှုတ်ချ၍၊ တပါးအမျိုးဘုရား ၏သမီးနှင့် လက်ထပ်ပါသည်တကား။

12. ထိုသို့ပြုသော ဆရာနှင့်တပည့်ကို၎င်း၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်သို့ ပူဇော် သက္ကာကို ဆောင်ခဲ့သောသူကို၎င်း၊ ယာကုပ်တဲတို့မှ ပယ် ဖြတ်တော်မူမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မာ​လ​ခိ 2