ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မာ​လ​ခိ 1:7-14 Judson Bible (BJB)

7. ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။

8. မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။

9. ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

10. သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။

11. နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

12. သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။

13. တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။

14. သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မာ​လ​ခိ 1