1. မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါး တို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသား တို့ကို ခန့်ထားပြီးမှ၊
2. သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရုရှလင်မြို့ကို အပ်လျက်၊
3. နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေနှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။
4. အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည် မဆောက်ကြသေး။
5. ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
6. တဖန်ငါတွေ့သောစာရင်းတည်းဟူသော၊
7. ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊
8. ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက်၊
9. ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
10. အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ်ယောက်၊
11. ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက်၊
12. ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
13. ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက်၊
14. ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
15. ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ်ယောက်၊
16. ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊