ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 6:3-11 Judson Bible (BJB)

3. ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။

4. ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။

5. နောက်ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ်သောစာပါ၏။

6. စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင်သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။

7. ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသောပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။

8. ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲမှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။

9. အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြလိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။

10. ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။

11. ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 6