ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 6:10-19 Judson Bible (BJB)

10. ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။

11. ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။

12. ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။

13. သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။

14. အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။

15. အရက်ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။

16. ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။

17. ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာသော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။

18. တောဘိသည် အာရာသားရှေကနိ၏သမက် ဖြစ်သောကြောင့်၎င်း၊ သူ၏သားယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။

19. သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 6