ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 5:1-5 Judson Bible (BJB)

1. ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသားချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။

2. အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။

3. အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။

4. အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကိုပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကိုချေးယူပြီ။

5. ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်းတို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 5