ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 4:1-9 Judson Bible (BJB)

1. ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာလတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသအမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊

2. အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော်မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။

3. သူ့အနားမှာရှိသော အမ္မုန်အမျိုးသားတောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေးထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။

4. အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။

5. သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည်သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။

6. သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။

7. ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသောအခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊

8. ယေရုရှလင်မြို့ကို စစ်ချီ၍တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။

9. သို့ရာတွင် ငါတို့သည် ငါတို့၏ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့်ထားကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 4