ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 11:10-27 Judson Bible (BJB)

10. ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊

11. အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိတို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာယ အစရှိသော၊

12. အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊

13. အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊

14. ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။

15. လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊

16. လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။

17. အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သောမဿနိသည် ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိရှိ၏။

18. သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်းကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။

19. တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။

20. ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။

21. ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။

22. မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက်သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည်လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။

23. အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။

24. ယုဒအမျိုး ဇာရအနွယ်မေရှဇဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။

25. ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်းဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ်ဇေလမြို့ရွာ၊

26. ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊

27. ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 11