ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

နေ​ဟ​မိ 10:32-35 Judson Bible (BJB)

32. ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှုတည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော်မုန့်၊

33. မြဲသောမီးရှို့ရာယဇ်၊ ဓမ္မပွဲ၊ သန့်ရှင်းသောအသုံးအဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအလုံးစုံကို ဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ၏။

34. ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်းပူဇော်သက္ကာကို၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင်၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။

35. အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုးကို ဗိမာန်တော်သို့ နှစ်တိုင်းဆောင်ခဲ့ရမည်အကြောင်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ နေ​ဟ​မိ 10