ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 8:1-6 Judson Bible (BJB)

1. ဗေလရှာဇာမင်းကြီးနန်းစံ သုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူ မူကား၊

2. ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိ စဉ်၊ ရူပါရုံထင်ရှား၍၊

3. ငါမျှော်ကြည့်သော၊ ရှည်လျားသော ချို နှစ်ချောင်းရှိသော သိုးတကောင်သည် မြစ်တဘက်၌ ရပ် နေ၏။ ထိုချိုနှစ်ချောင်းသည်မညီ၊ တချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက် သတည်း။

4. ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံး မျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှတ်မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည့်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လာ၏။

5. ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိ နှစ်လုံးကြား၌ ထူးဆန်းသော ချိုတချောင်းရှိသော ဆိတ် တကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကို မနင်းဘဲ မြေကြီးတပြင်လုံးကို ကျော်လေ၏။

6. ချိုနှစ်ချောင်းနှင့်မြစ်တဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 8