ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 4:11-18 Judson Bible (BJB)

11. ထိုအပင်သည် ကြီးပွား၍ ခိုင်မာခြင်းသို့ ရောက်၏။ မိုဃ်းကောင်းကင်သို့ထိ၍ မြေကြီးစွန်း တိုင်အောင် ထင်ရှား၏။

12. အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သော အသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။

13. အိပ်ပျော်၍ မြင်မက်စဉ်၊ တဖန်ငါကြည့်ရှုပြန် လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတယောက် သည် ကောင်းကင်မှ ဆင်းလာ၍၊

14. သစ်ပင်ကိုလှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်း အခက်ထဲက သွားကြစေ။

15. သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုဃ်းစွတ်ခြင်းကိုခံ၍၊ တိရစ္ဆာန်တို့နှင့် အတူ ဆက်ဆံလျက် မြက်ပင်ကို စားစေလော့။

16. လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။

17. အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို၎င်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကို အပ်ပေးတော်မူသည်ကို၎င်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှါ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့ သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။

18. ထိုသို့ ငါနေဗုခဒ်နေဇာမင်းကြီးသည် မြင်မက် ရပြီ။ ယခုတွင် အချင်းဗေလတရှာဇာ၊ ငါမြင်သော အိပ်မက်အနက်ကိုဘော်ပြလော့။ ငါ့နိုင်ငံတွင် ပညာရှိ အပေါင်းတို့သည် အနက်ကို ငါ့အား မဘော်မပြနိုင်သော် လည်း၊ သင်သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ် နှင့်ပြည့်စုံ၍ ဘော်ပြနိုင်သည်ဟု ငါသည် ကိုယ်မြင်သော အိပ်မက်ကို ဒံယေလအား ပြန်ပြော၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 4