ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 3:21-26 Judson Bible (BJB)

21. ထိုသူသုံးယောက်တို့ကို ပေါင်းဘီ၊ အင်္ကျီ၊ ဝတ်လုံ အစရှိသည် တို့နှင့်တကွ တုပ်နှောင်၍၊ မီးလောင်လျက် ရှိသော မီးဖိုထဲသို့ ချပစ်ကြသောအခါ၊

22. ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖို သည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒ နေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။

23. ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။

24. ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့က လည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊

25. ရှင်ဘုရင်က၊ လူလေးယောက်တို့သည် မတုပ် မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့် ကင်းလွတ် သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား ၏ အဆင်းသဏ္ဌာန်ရှိသည်ဟု မိန့်တော်မူ၍၊

26. မီးလောင်လျက်ရှိသော မီးဖိုဝနားသို့ ချဉ်းကပ် ပြီးလျှင်၊ အမြင့်ဆုံးသော ဘုရားသခင်၏ကျွန်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်၍လာကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် မီးထဲက ထွက်လာ ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 3