ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 3:1-9 Judson Bible (BJB)

1. တရံရောအခါ နေဗုခဒ်နေဇာမင်းကြီးသည် အမြင့် အတောင်ခြောက်ဆယ်၊ အနံခြောက်တောင် ရှိသော ရွှေရုပ်တုကို လုပ်ပြီးမှ၊ ဗာဗုလုန် ကျေးလက် ဒုရလွင်ပြင်၌ တည်ထားတော်မူ၍၊

2. စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ၍၊

3. စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထား တော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။

4. ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့၊

5. တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တုရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသော အခါ၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ရကြမည်။

6. မပြပ်ဝပ်မကိုးကွယ်ဘဲနေသောသူ မည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်ဟု ဟစ်ကြော်၏။

7. ထိုကြောင့်၊ လူအပေါင်းတို့သည် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာ အစရှိသော တူရိယာ မျိုး တီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုး မျိုးအပေါင်းတို့သည် ပြပ်ဝပ်၍၊ နေဗုခဒ်နေဇာမင်းကြီး တည်ထားသော ရွှေရုပ်တုကို ကိုးကွယ်ကြ၏။

8. ထိုအခါ၊ ခါလဒဲလူအချို့တို့သည် နေဗုခဒ်နေဇာ မင်းကြီးထံတော်သို့ ချဉ်းကပ်လျက်၊

9. အရှင်မင်းကြီး၊ အသက်တော်အစဉ်အမြဲ ရှင်ပါ စေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 3