ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 2:10-20 Judson Bible (BJB)

10. ခါလဒဲဆရာတို့ကလည်း၊ အရှင်မင်းကြီး၏ အမှု အရာကို ဖြေနိုင်မည်သူ၊ မြေကြီးပေါ်မှာ တယောက်မျှ မရှိပါ။ အဘယ်မည်သော ရှင်ဘုရင်သည် ဘုန်းတန်ခိုး ကြီးသော်လည်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲ ဆရာတို့ကို ဤသို့မေးမြန်းလေ့မရှိပါ။

11. အရှင်မင်းကြီး မေးမြန်းတော်မူသောအရာသည် ခက်ခဲသော အရာဖြစ်ပါ၏။ လူပကတိနှင့် မဆက်ဆံ သော ဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီး ရှေ့တော်၌ မထုတ်မဘော်နိုင်ပါဟု တဖန်ပြန်ကြား လျှောက်ထားကြ၏။

12. ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။

13. ထိုအမိန့်တော်ဆင့်၍ ဒံယေလနှင့် သူ၏ အပေါင်းအဘော်တို့ကို သတ်ခြင်းငှါ ရှာကြသော်၊

14. ဒံယေလက၊ ရှင်ဘုရင်၏အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက် လျင်မြန်သနည်းဟု၊

15. ဗာဗုလုန်ပညာရှိတို့ကို ပယ်ရှင်းခြင်းငှါ ထွက် သွားသော ကိုယ်ရံတော်မှူးအာရုတ်ကို သတိပညာနှင့် မေးမြန်း၍၊ အာရုတ်သည် ထိုအကြောင်းကို ကြားပြော လျှင်၊

16. ဒံယေလသည် နန်းတော်သို့ ဝင်၍ အိပ်မက် တော်ကို ဖြေရသော နေ့ရက်အချိန်ကို ပေးတော်မူမည် အကြောင်း အသနားတော်ခံပြီးမှ၊

17. မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊

18. ငါတိုပသည် အခြားသော ဗာဗုလုန်ပညာရှိတို့ နှင့်အတူ မသေမပျောက်စေခြင်းငှါ၊ ဤနက်နဲသော အရာ၌ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန် အံ့ဟုပြောဆို၏။

19. ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။

20. ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 2