ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:6-13 Judson Bible (BJB)

6. ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်း သမီးကို၎င်း၊ ဆောင်ခဲ့သော သူတို့ကို၎င်း၊ သူ၏သား ကို၎င်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကို၎င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည်။

7. ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ ရောက် လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။

8. သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဘိုး ထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည်။

9. တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည်။

10. သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတယောက် လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။

11. တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည်။

12. ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း၊ မိမိအာဏာကို မတည်စေရ။

13. အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11