ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒံ​ယေ​လ 11:29-40 Judson Bible (BJB)

29. ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။

30. အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။

31. ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။

32. ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။

33. လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ထားနှင့်ကွယ်မျက် ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။

34. လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့ လိုက်၍ဆည်းကပ်ကြလိမ့်မည်။

35. အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။

36. ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။

37. ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သောအလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည်။

38. ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။

39. ခိုင်ခံ့သော ရဲတိုက်များကို၎င်း၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို၎င်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည်။

40. အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒံ​ယေ​လ 11