ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒေသနာကျမ်း။ 3:9-16 Judson Bible (BJB)

9. လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။

10. လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။

11. ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။

12. ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။

13. လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။

14. ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။

15. ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။

16. ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိသည်ကို၎င်း ငါမြင်ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒေသနာကျမ်း။ 3