ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒေသနာကျမ်း။ 3:1-9 Judson Bible (BJB)

1. ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။

2. ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန်လည်း ရှိ၏။

3. သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏။

4. ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။

5. ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။

6. ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသောအချိန်လည်းရှိ၏။

7. အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။

8. ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန်လည်း ရှိ၏။

9. လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒေသနာကျမ်း။ 3