ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဒေသနာကျမ်း။ 2:22-26 Judson Bible (BJB)

22. လူသည်နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ်အကျိုးရှိသနည်း။

23. သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။

24. စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။

25. ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း။ အဘယ်သူ ခံစားရသနည်း။

26. ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဒေသနာကျမ်း။ 2