အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 9 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

2. မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊

3. ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ရောက်၍ အလွန်ပြင်းစွာသောရောဂါစွဲလိမ့်မည်။

4. ထာဝရဘုရားသည်၊ ဣသရေလလူတို့၏တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကိုခြားနားစေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။

5. နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အကြောင်းကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

6. နက်ဖြန်နေ့၌ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။

7. ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

8. ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကိုလက်နှင့်ယူ၍ မောရှေသည် ဖာရောဘုရင်ရှေ့၌ မိုဃ်းကောင်းကင်သို့ပစ်လွှင့်စေ။

9. ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အားမိန့်တော်မူသည်အတိုင်း၊

10. သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။

11. ဝိဇ္ဇာဆရာတို့သည်အနာဆိုးကြောင့်၊ မောရှေရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည်ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်းစွဲသတည်း။

12. ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကိုခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။

13. တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။

14. သို့မဟုတ် ယခုကာလအခါသင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည်သိရလိမ့်မည်။

15. ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်းမြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။

16. အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကိုငါချီးမြှောက်ခဲ့ပြီ။

17. သင်သည်ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။

18. ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသောမိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေမည်။

19. ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာမိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

20. ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ပြေးစေကြ၏။

21. ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ထားကြ၏။

22. ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသောအပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။

23. မောရှေသည်မိမိလှံတံကို မိုဃ်းကောင်းကင်သို့ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကိုလွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေတော်မူသဖြင့်၊

24. အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုဃ်းသီးဖြစ်လေ၏။

25. အဲဂုတ္တုပြည်တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုဃ်းသီးထိလေ၏။

26. သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။

27. ထိုအခါ ဖာရောဘုရင်သည်လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။

28. တန်ပါပြီ။ အားကြီးသောမိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။

29. မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့်မည်။ မိုဃ်းသီးလည်းမကျမရွာရ။

30. သို့သော်လည်းကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေးကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။

31. ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်းအသီးမှည့်ပြီ။

32. ဂျုံစပါး၊ ကောက်စပါးပင်ကိုကားမထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။

33. မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။

34. ထိုသို့မိုဃ်းမရွာ၍ မိုဃ်းသီးနှင့်မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။

35. ထိုသို့ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။