အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 8 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

2. မလွှတ်ဘူးဟုငြင်းလျှင်၊ သင်၏ပြည်တရှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။

3. မြစ်သည်လည်းများစွာသော ဘားတို့ကိုဘွား၍၊ သူတို့သည်သင်၏အိမ်၌၎င်း၊ အိပ်ခန်း၌၎င်း၊ အိပ်ရာပေါ်၌၎င်း၊ သင်၏ကျွန်တို့အိမ်၌၎င်း၊ သင်၏လူတို့အပေါ်၌၎င်း၊ သင်၏မီးဖို၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း တက်ကြလိမ့်မည်။

4. သင်မှစ၍ သင်၏လူ၊ သင်၏ကျွန်ရှိသမျှတို့အပေါ်၌ တက်ကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူသည်အကြောင်းကို ကြားပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

5. တဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူပြန်သည်ကား၊ အာရုန်သည် ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေတို့အပေါ်၌ လှံတံကိုကိုင်လျက်၊ လက်ကိုဆန့်၍ အဲဂုတ္တုပြည်အပေါ်သို့ ဘားများကိုတက်စေ ခြင်းငှါပြောလော့ဟု မိန့်တော်မူ၏။

6. အာရုန်သည် အဲဂုတ္တုပြည်၌ရှိသောရေအပေါ်မှာ လက်ကိုဆန့်သဖြင့်၊ ဘားတို့သည်တက်၍ အဲဂုတ္တုပြည်တရှောက်လုံးကို ဖုံးလွှမ်းကြ၏။

7. ဝိဇ္ဇာဆရာတို့သည်လည်း ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍ ဘားတို့ကို အဲဂုတ္တုပြည်အပေါ်သို့ဆောင်ကြ၏။

8. ထိုအခါဖာရောမင်းသည်၊ မောရှေနှင့် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားသည် ဘားတို့ကိုငါနှင့် ငါ့လူတို့ထံမှပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။

9. မောရှေကလည်း၊ ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာနေစေခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ်တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါဟု လျှောက်သော်၊

10. နက်ဖြန်နေ့တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊ မောရှေက၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားနှင့်တူသောဘုရားမရှိကြောင်းကို ကိုယ်တော်သိစေခြင်းငှါ အမိန့်တော်အတိုင်းဖြစ်၍၊

11. ဘားတို့သည်ကိုယ်တော်နှင့် ကိုယ်တော်အိမ်များ၊ ကျွန်များ၊ လူများထံမှထွက်သွား၍ မြစ်၌သာနေကြလိမ့်မည်ဟု မောရှေလျှောက်ပြီးလျှင်၊

12. အာရုန်နှင့်အတူ အထံတော်မှထွက်သွား၍၊ ဖာရောဘုရင်အပေါ်သို့ ထာဝရဘုရားဆောင်တော်မူသော ဘားတို့အကြောင်းကြောင့်၊ မောရှေသည် ဆုတောင်းပဌနာပြုလေ၏။

13. ထာဝရဘုရားသည် မောရှေတောင်းလျှောက်သော စကားအတိုင်းပြုတော်မူသဖြင့်၊ ဘားတို့သည် အိမ်များ၊ ရွာများ၊ လယ်ပြင်များတို့တွင် သေကြ၏။

14. အသေကောင်တို့ကိုစုပုံ၍ထားသဖြင့် တပြည်လုံးနံလေ၏။

15. ဖာရောမင်းလည်း၊ သက်သာရကြောင်းကိုသိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

16. တဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည်ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍၊ မြေမှုန့်ကိုရိုက်စေခြင်းငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊

17. အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်းလှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။

18. ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။

19. ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည်ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အားလျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။

20. ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

21. မလွှတ်ဘဲနေလျှင် သင်နှင့် သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့်ရှိရလိမ့်မည်။

22. ငါသည် မြေကြီးအလယ်၌ ထာဝရဘုရားဖြစ်ကြောင်းကို သင်သိစေခြင်းငှါ ငါ၏လူတို့နေရာဂေါရှင်ပြည်ကို ထိုနေ့၌ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။

23. ထိုသို့ ငါ၏လူတို့နှင့် သင်၏လူတို့ကို ငါခြားနားစေမည်။ နက်ဖြန်နေ့၌ ထိုနိမိတ်ထင်ရှားလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။

24. ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ်အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တရှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။

25. ထိုအခါ၊ ဖာရောဘုရင်သည် မောရှေနှင့် အာရုန်ကိုခေါ်ပြီးလျှင်၊ သင်တို့သည် ဤပြည်၌ သင်တို့၏ဘုရားသခင်အား ယဇ်ပူဇော်သွားကြလော့ဟု မိန့်တော်မူသော်၊

26. မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော်လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။

27. သို့ဖြစ်၍ တော၌သုံးရက်ခရီးသွား၍ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယဇ်ပူဇော်ကြပါမည်ဟု လျှောက်ဆို၏။

28. ဖာရောဘုရင်ကလည်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား၊ တော၌ ယဇ်ပူဇော်မည်အကြောင်း၊ သွားရသောအခွင့်ကိုငါပေးမည်။ သို့ရာတွင် ဝေးဝေး မသွားရကြ။ ငါ့အဘို့တောင်းပန်လော့ဟု မိန့်တော်မူ၏။

29. မောရှေကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံမှထွက်သွား၍ ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ လူများထံမှ၊ နက်ဖြန်နေ့သွားမည်အကြောင်း ထာဝရဘုရားကိုတောင်းပန်ပါမည်။ သို့ရာတွင် ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်မပူဇော်ရမည်အကြောင်း၊ နောက်တဖန်ဆီးတား၍ လှည့်စားတော်မမူပါနှင့်ဟုလျှောက်ပြီးလျှင်၊

30. ဖာရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။

31. ထာဝရဘုရားသည်လည်း၊ မောရှေစကားကိုနားထောင်၍ ယင်ရဲတို့ကို ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊ လူများထံမှာ တကောင်မျှမကျန်စေခြင်းငှါ ပယ်ရှား တော်မူ၏။

32. ထိုအခါ၌လည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။