ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 37:13-18 Judson Bible (BJB)

13. ရွှေလေးကွင်းကိုလည်းသွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။

14. ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာထမ်းဘိုးနေရာ ဖြစ်၏။

15. စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံလေ၏။

16. စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

17. မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသောအလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုလေ၏။

18. မီးခုံတိုင် တဘက်တချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 37