ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:5-21 Judson Bible (BJB)

5. မောရှေထံသို့လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ဆောင်ခဲ့ကြပါပြီဟု ကြားပြောလျှင်၊

6. မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။

7. ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကိုပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။

8. သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။

9. ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။

10. ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။

11. ကုလားကာတထည် ပြင်ဘက်ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့်လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။

12. ကုလားကာတထည်၌ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်းလုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။

13. ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော်တဆောင်တည်းဖြစ်လေ၏။

14. တဲတော်ဖုံးအုပ်ဘို့ အခြားသောကုလားကာ ဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်လေ၏။

15. ကုလားကာသည်အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍ ကုလားကာဆယ်တထည်တို့သည် အလျားအနံချင်းတူ၏။

16. ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်းချုပ်လေ၏။

17. ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။

18. ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင်တည်းဖြစ်လေ၏။

19. အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။

20. တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

21. ပျဉ်ပြားသည်အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36