ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:5-13 Judson Bible (BJB)

5. မောရှေထံသို့လာ၍ ထာဝရဘုရားမှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ဆောင်ခဲ့ကြပါပြီဟု ကြားပြောလျှင်၊

6. မောရှေက၊ သန့်ရှင်းရာဌာနတော်အဘို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်ဟုစီရင်၍၊ တတပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။

7. ရခဲ့သောဥစ္စာသည် လုပ်ရှိသမျှကိုပြီးစီးလောက်ရုံမျှမက ပိုလျက်ရှိသတည်း။

8. သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သောပိတ်ချော ကုလားကာဆယ်ထည်ကို လုပ်လေ၏။

9. ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။

10. ကုလားကာငါးထည်စီ တစပ်တည်းချုပ်လေ၏။

11. ကုလားကာတထည် ပြင်ဘက်ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့်လုပ်၍၊ အခြားသော ကုလားကာပြင်ဘက် ကုလားကာနားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။

12. ကုလားကာတထည်၌ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာအနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်းလုပ်သဖြင့်၊ ကွင်းချင်းဆိုင်မိကြ၏။

13. ရွှေချောင်းငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော်တဆောင်တည်းဖြစ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36