ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:33-38 Judson Bible (BJB)

33. အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ဆုံးစေ၏။

34. ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။

35. တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သောကုလားကာတထည်ကို၎င်း၊

36. ထိုကုလားကာဘို့ ရွှေချသောအကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။

37. တဲတော်တံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသော အထည်ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာတထည်ကို၎င်း၊

38. ထိုကုလားကာဘို့ တံစို့နှင့်ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်းလုပ်၍၊ တိုင်ထိပ်နှင့် တိုင်တန်တို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကြေးဝါခြေစွပ်ငါးခုလည်းရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36