ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 36:16-26 Judson Bible (BJB)

16. ကုလားကာငါးထည်တစပ်၊ ခြောက်ထည်တစပ်တည်းချုပ်လေ၏။

17. ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။

18. ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင်တည်းဖြစ်လေ၏။

19. အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။

20. တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

21. ပျဉ်ပြားသည်အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

22. ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။

23. တဲတော်တောင်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊

24. ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဘို့ ငွေခြေစွပ်လေးဆယ်ကိုလုပ်လေ၏။

25. ထိုအတူ တဲတော်မြောက်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊

26. ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီလုပ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 36