ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ထွက်​မြောက် 35:1-7 Judson Bible (BJB)

1. မောရှေသည်၊ ဣသရေလအမျိုးပရိသတ်အပေါင်းကိုစည်းဝေးစေ၍၊ ထာဝရဘုရားမိန့်တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊

2. ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဘို့ ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သည်ကား အသေခံရမည်။

3. သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကိုမမွေးရဟု ဆင့်ဆို၏။

4. တဖန်မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုသည်ကား၊

5. သင်တို့တွင် ထာဝရဘုရားအား လှူသောအလှူကိုပြင်ဆင်ကြလော့။ ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

6. ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊

7. အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ထွက်​မြောက် 35